• မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်ပုံမှတ်တမ်းများ
  • ၀ိပဿနာစာအုပ်များ
  • ဓမ္မရံသီလူငယ်ဝတ်အသင်း
Main Menu
  • မူလစာမျက်နှာ
  • သစ္စာလေးပါးတရားတော်များ (MP3)
  • ၀ိပဿနာအလုပ်ပေးတရားတော်များ (MP3)
  • ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ
  • မိုးကုတ်ဝိပဿနာရှုနည်း
  • စိတ္တာနုပဿနာရှုပွားနည်း
  • သြ၀ါဒကထာများ
  • ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ - NEW
  • ထေရုပ္ပတ္တိမော်ကွန်း DVD
  • တရားတော်စာမူများ - New
  • ဆက်သွယ်ရန်
Online Users

We have 7 guests and no members online

Free counters!

မိုးကုတ်ဝိပဿနာပြန့်ပွားရေး စာမျက်နှာ၏ ရည်ရွယ်ချက်

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ကြီးအား ဦးထိပ်ထား၍ ဓမ္မရံသီလူငယ်ဝတ်အသင်းမှ မိုးကုတ်ဓမ္မ၀က်ဆိုက်ကို တည်ထောင်ထားပါသည်။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ သစ္စာတရားတော်များ၊ မိုးကုတ်ဝိပဿနာ ဓမ္မကထိက ဆရာတော်များ၏ တရားတော်များ၊ မိုးကုတ်ဝိပဿနာ ဓမ္မဗီဒီယို အစရှိသော တရားတော်များကို ဝေစာပြည့်စုံစွာ တင်ဆက်သွားပါမည်။




ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။

Read More



ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော် လင်္ကာဆောင်ပုဒ်

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို
၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။


လင်္ကာဆောင်ပုဒ် အဖြေ

၁။ မူလနှစ်ဖြာ ----- အ၀ိဇ္ဇာနှင့် တဏှာ။

၂။ သစ္စာနှစ်ခု ----- သမုဒယသစ္စာ - ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ ----- အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။ ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။

၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး ----- အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။

၅။ သုံးပါးအစပ် ----- သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။

၆။ ၀ဋ်သုံးဝနှင့်

ကိလေသ၀ဋ် (၃)ပါး ----- အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
ကမ္မ၀ဋ် (၂)ပါး ----- သင်္ခါရနှင့် ကမ္မဘဝ
ဝိပါက၀ဋ် (၈)ပါး ------ ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)

၇။ ကာလသုံးဖြာ

လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ ----- ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ----- ဇာတိ , ဇရာမရဏ။

၈။ ခြင်းရာနှစ်ဆယ် ----- အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး ----- ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ


သောတာပန်ဖြစ်ရန် အင်္ဂါ (၄) ပါး

သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊ ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတာရှိသားပဲ။ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။

(၁) သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)
(၂) သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကို ရွေး၍နာ။)
(၃) ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)
(၄) ဓမ္မာနုဓမ္ဓပဋိပတ္တိ (ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ)


သောတာပန်

သောတာပန်ဟူသည် ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

သောတာပန် (၂ )မျိုး

(၁) စူဠသောတာပန်
ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ်။ ၀ိပဿနာရှု၍ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။

အဆင့်အတန်း
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလား။
(ခ) အသိတရားအဆင့် (ညာတပရိညာ)
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ (အားနည်းသော) ၀ိပဿနာ

(၂) မဟာသောတာပန်
ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်)

Copyright © 2010-2011 | www.mogokdhamma.com | Designed by Dhammaransi.net | Free Dhamma Distribution
All Rights Reserved.